မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ခြောက်ကန်ကျေးရွာရှိအကြမ်းဖက်စစ်သားများကို လျှပ်တပြက် ဝင် ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း BRR Burma Revolution Rangers တပ်ဖွဲ့မှ ဗိုလ်ကာတွန်းက ပြောကြားသည်။
ယနေ့ ဇွန်လ ၁၉ ရက် နေ့လည် ၁ နာရီခန့်က အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော အကြမ်းဖက်စစ် သားများကို လျှပ်တပြက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိမှုများပြားနိုင်ကြောင်း၊ အကြမ်းဖက်စစ်သားများမှ ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။
“အမေစုမွေးနေ့ လက်ဆောင်အဖြစ် မစ်ရှင်ဖော်ဆောင်ခဲ့တာဗျ၊ ခြောက်ကန်ရွာမှာ တပ်စွဲထားတာ တစ်လလောက်ပဲရှိသေးတယ်၊ လျှပ်တပြက်ဝင်ပစ်တဲ့အချိန်မှာ စစ်ခွေး ၂ ကောင် ပွဲချင်းပြီးလဲ ကျသွား တယ်၊ သူတို့ပြန်ပစ်တဲ့အချိန်ကျတော့ ကျနော်တို့ဘက် ဆုတ်ခွာလာခဲ့ပြီ” ဟု BRR Burma Revolution Rangers တပ်ဖွဲ့မှ ဗိုလ်ကာတွန်းကပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို BRR Burma Revolution Rangers တပ်ဖွဲ့၊ Chauk Guerrilla Force ၊ Pakokku ppdf ၊ ဇာမဏီဒုန်းတပ်ဖွဲ့ ၊ မြိုင်ပကဖ တပ်ရင်း ၁ တပ်ခွဲ ၃ ၊ BLACK Dragon တို့ ပူးပေါင်း ကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မကွေးတိုင်း၊ ကန်နီပျူစောထီးရွာအား တာဝေးပစ်ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူစောထီး ၂ ဦးသေကြောင်း Phoenix Ranger – PRDF မှ တာ ဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ယမန်နေ့ဇွန်လ ၁၆ ရက်နေ့က ကန်နီရွာ ပျူစောထီးစခန်းအား Phoenix Ranger – PRDF နှင့် Rayal Defence Force တို့မှ တာဝေးပစ်ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးသေ ဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။