စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် ကျေးရွာ လေးရွာမှ တော်လှန်ပြည်သူများစုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို ယနေ့ (ဇွန်လ ၂၁) ၌ ပြုလုပ်ခဲ့ကြသည်။
ယင်းအခမ်းအနားတွင် ကနီသပိတ်အင်အားစုမှ ဦးဆောင်ဆရာတော်မှ ပြည်သူများအား တော်လှန်ရေးအကြောင်းပြောကြားခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်းများ ပြုလုပ်ခဲ့သည်။
ထို့အပြင် ကနီသပိတ်အင်အားစုမှ ဦးဆောင်သူများက လူထုအား တော်လှန်ရေးတရား ပြောကြားပြီး သပိတ်အင်အားစုအဖွဲ့ဝင် အကပညာရှင် ပန်တျာနိုင်အောင်မှတော်လှန်ရေး တေးသီချင်းအကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။