မွန်ပြည်နယ်၊ ရေးမြို့နဲ့ သံဖြူဇရပ်မြို့ကြားရှိ မော်လမြိုင်-ရေး-ထားဝယ် (အမှတ်-၈ ပြည်ထောင်စုလမ်းမကြီးပေါ်) မော်တော်ယာဉ်သွားမှုနှင့်ပတ်သက်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)စစ်ကြောင်းများနှင့်အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F) တို့ ပူးပေါင်းကာ ဇွန်လ ၁၈ ရက်နေ့မှစ၍နေ့စဉ်မပြတ် လုံခြုံရေးရယူ စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်းကာကွယ်ရေးဝန်ကြီးဌါနက သတင်းထုတ်ပြန်ထားသည်။
မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များအနေဖြင့် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ပုံမှန်စစ်ဆေးရေးပြုလုပ်သွားမည်ဖြစ်ပြီး ခရီးသွားမိဘပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။