Ministry of National Defense Agency for Kia Recovery and Identification Teamဆိုတာက စစ်ပွဲအတွင်းမှာ ကျရှုံးခဲ့တဲ့ စစ်သားတွေကို ပြန်လည်ရှာဖွေ တူးဖော်ပြီး မိသားစုထံ ပြန်ပို့ပေးတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
RMက ဒီလို ပရောဂျက်တွေနဲ့ ပတ်သက်ပြီးတော့ လှုပ်ရှားမှုတွေမှာလည်း ပါဝင်သွားမှာဖြစ်ပြီး လူထုကိုလည်း နည်းအမျိုးမျိုးနဲ့ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
ထပ်ပြီး ကိုးရီးယားစစ်တပ်နဲ့ UN forcesက ကျန်ရှိနေသေးတဲ့ စစ်သားတွေကနေပြီးတော့ Ministry of National Defense Agency for Kia Recovery and Identification Teamက လူသားချင်း စာနာထောက်ထားသောအားဖြင့် တရုတ်ပြည်နှင့် မြောက်ကိုးရီးယားမှ ပြည်ပြေးများနှင့် ယာယီမြှုပ်နှံထားသော အလောင်းများကိုလည်း တူးဖော်သွားမယ်လို့ စီစဉ်ထားပါသေးတယ်။
2013 တွင် ပွဲဦးထွက်ခဲ့သည့် BTS သည် ၎င်းတို့၏ 10 နှစ်မြောက် နှစ်ပတ်လည်နေ့ကို လာမည့်ဇွန်လတွင် ကျင်းပမည်ဖြစ်သည်။ ၎င်းတို့၏ ကမ္ဘာလုံးဆိုင်ရာ လူကြိုက်များမှုအပေါ် အခြေခံ၍ လူမျိုးရေးခွဲခြားမှုနှင့် အကြမ်းဖက်မှုကဲ့သို့သော လူမှုရေးကိစ္စရပ်များတွင် ၎င်းတို့၏အသံများကို ထုတ်ဖော်ပြောဆိုခြင်းဖြင့် ‘ Good Influence ‘ ကို အသုံးချလျက်ရှိသည်။
2021 ခုနှစ်တွင် BTS သည် အနာဂတ်မျိုးဆက်များနှင့် ယဉ်ကျေးမှုဆိုင်ရာ အထူးသံတမန်အဖြစ် ကုလသမဂ္ဂညီလာခံသို့ တက်ရောက်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိ လူငယ်များ၏ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။
ပြီးခဲ့သောနှစ်တွင် BTS သည် အိမ်ဖြူတော်သို့လာရောက်လည်ပတ်သည့် ပထမဆုံး K-pop အဖွဲ့ဖြစ်ပြီး အမေရိကန်သမ္မတ Joe Biden နှင့် တွေ့ဆုံကာ အာရှသားများအပေါ် အမုန်းပွားစေသော ရာဇ၀တ်မှုများကို မည်သို့တုံ့ပြန်ရမည်ကို သဘောထားအမြင်များ မျှဝေခဲ့သည်။
RM သည် ယမန်နှစ် YouTube ဗီဒီယိုတစ်ခုတွင် “ကျွန်တော် အဆိုတော်တစ်ယောက်အနေနဲ့ ပွဲဦးထွက်ခဲ့ပြီး ရရှိလာတဲ့ influence တွေကြောင့် လူမှုရေးအရရော တစ်ကမ္ဘာလုံးရေးရာကိစ္စတွေမှာပါ ကျနော်တတ်စွမ်းသမျှ ပြန်လည်ပေးဆပ်ဖို့ တာဝန်ရှိတယ်လို့ ခံစားမိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။