မကွေးတိုင်း ၊ ထီးလင်းမြို့ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက် စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်း အင်းအား ၁၀၀ ကျော်ပါစစ်ကြောင်းကို YRA (Yaw Revolution Army) ထီးလင်း၊ ပြည်သူ့ ကာကွယ်ရေး မိုင်းတပ်ဖွဲ့က အသင့်ထောင်ထားတဲ့ချိန်ကိုက် မိုင်း(၃) လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက် ပူးပေါင်း စစ်ကြောင်းကို ဇွန်လ ၂၁ရက် မနက် ၈နာရီ ခွဲ အချိန်ခန့် မှာ သရခါကျေးရွာရဲ့ အရှေ့ တောင်ဘက် ဂျီချောင်းအနီးမှာ YRA (ထီးလင်း)ပြည်သူ့ ကာကွယ်ရေး၊ မိုင်းတပ်ဖွဲ့က ကြိုတင်အသင့်ထောင်ထားတဲ့ ချိန်ကိုက်မိုင်း (၃)ကြိမ်ဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အကြမ်းဖက်တပ်သား (၅ )ဦးသေဆုံးကာ ( ၁၀) ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ကိုယ်လက် အင်္ဂါ ဆုံးရှုံးခဲ့ရတယ်လို့ ဂန့်ဂေါခရိုင် တပ်ရင်း ရဲ့ သတင်းနဲ့ ပြန်ကြားရေး ဌာနမှ ဒီနေ့ ရက်စွဲ နဲ့ ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက် စစ်တပ်ဘက်ဘက် မွန်းလွဲ(၁၂ )နာရီ ၃၀ မိနစ်ခန့်မှာ ထီးလင်းမြို့ဘက်မှ ဖောကားတစ်စီးနဲ့ သေဆုံးသူအလောင်းများနဲ့ ထိခိုက် ဒဏ်ရာရသူ များကို မြို့ပေါ်သို့ တင်ဆောင်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။