တာချီလိတ် အထကကျောင်းမှာ ဒီနေ့နေ့လည် ထမင်းစားကျောင်းဆင်းချိန်က အရက်မူးနေတဲ့ အစောင့်စစ်သားရဲ့ သေနတ်ကို မူလတန်းကလေးတစ်ဦး ယူဆော့မိရာကနေ ကျည်ဆံထွက်သွားတယ်လို့ ကျောင်းနဲ့ နီးစပ်သူတွေထံကသိရပါတယ်။
နေ့လည်ထမင်းစားချိန် ၁၂နာရီခွဲခန့်မှာ ဖြစ်ပွါးခဲ့တာဖြစ်ပြီး ထွက်သွားတဲ့ ကျဉ်ဆံကြောင့် ထိခိုက်မှု မရှိဘူးလို့ ကျောင်းသားမိဘတစ်ဦးက မဲခေါင်ကိုပြောပါတယ်။
“ကျည်ထွက်သွားတဲ့ သေနတ်သံကတော်တော်ကျယ်တယ်။ ပတ်ဝန်းကျင်က စျေးသည်တွေတောင်လန့်သွားတယ်” လို့သူကပြောပါတယ်။
တာချီလိတ်မြို့က စာသင်ကျောင်းတွေမှာ အစောင့်ချထားတဲ့ စစ်သားတွေဟာ အရက်မူးပြီး ကင်းစောင့်တာ မကြာခဏဖြစ်လေ့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။