ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့၊ ဟိုနားရပ်ကွက်၊ မူလွန်ကျောင်းရှေ့၌ လုံခြုံရေး ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ်ကားအား ယနေ့ညနေ့ ၆ နာရီ ၄၀ မိနစ်ခန့်တွင် အမည်မသိလက်နက်ကိုင်တစ်ဖွဲ့က ပစ်ခတ်၍ ပြည်သူ့စစ်တစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။
မူဆယ်မြို့သည် ပြည်သူ့စစ်အဖွဲ့ပေါင်းစုံ နေထိုင်ပြီး လောင်းကစားဝိုင်းနှင့် KTV ပေါများသည့် မြို့ဖြစ်သလို ဒုစရိုက်မှု မကြာခဏဖြစ်ပွားသော မြို့ဖြစ်သည်။