အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မကွေးတိုင်း အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၅ ခုကို လက်နက်များ တပ်ဆင်လိုက် ပြီဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။
ဇွန်လ ၂၃ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မကွေးတိုင်းကွပ်ကဲရေး ရုံးက ဦးစီးကျင်းပသည့် စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်း အပတ် စဉ် (၆) သင်တန်းဆင်းပွဲနှင့် လက်နက် တပ် ဆင်မှု အခမ်းအနား ပြုလုပ်ခဲ့ ကြောင်း၊ အဆိုပါအခမ်းအနားတွင် တပ်ရင်း ၅ ရင်းကို လက်နက်တပ် ဆင်လိုက် ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားသို့ မကွေးတိုင်းကွပ်ကဲရေးရုံး တာဝန်ရှိသူများ၊ တပ်ရင်း မှူးများ၊ဒုတပ်ရင်းမှူးများ တက်ရောက်ခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေး တပ်မ တော် (PDF) မကွေးတိုင်း တာဝန်ခံမှ မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရှိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) အနေဖြင့် တနှစ်မဟာဗျုဟာနှင့်အညီ စစ်ဆင်ရေး စီမံချက် များကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီး လက်နက်တပ်ဆင်မှု များကိုလည်း စဥ်ဆက်မပြတ် အားထုတ်ကြိုးစားဆောင် ရွက်လျက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုသည်။