မကွေးတိုင်း၊ ပခုက္ကူမြို့ (EPC) ရုံးကို ပြည်သူ့တိုင် ကြားစာတွေအရ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Young Force (UG)က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Young Force (UG)ပခုက္ကူမြို့နယ်ပကဖ တပ်ခွဲ(၂)က ဒီနေ့ မနက် ၉နာရီခွဲမှာ အကြမ်းဖက်စစ်တပ်လက်ပါး စေ ပခုက္ကူမြို့ (EPC) ရုံးဌာနကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်တပ်တွေ လုံခြုံရေး ယူပြီး ပြည်သူ လူထုဆီက လျှပ်စစ်မီတာခတွေ အတင်းအဓမ္မ ခြိမ်းခြောက်ကောက်ခံနေကြောင်း ပခုက္ကူ မြို့နယ် ပကဖက တိုင်ကြားစာတွေ လက်ခံရရှိခဲ့တာလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်အလိုကျ ဆက်လက်လုပ်ဆောင်နေပါက အသက်အန္တရယ်အတွက် အာမခံမှာ မဟုတ်ကြောင်းနဲ့ စစ်ကောင်စီ ထောက်တိုင်မှန်သမျှကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။