ဧရာ၀တီတိုင်း၊ ရေကြည်မြိုနယ်၊ ငါးသိုင်းချောင်းမြို့မှာ ဇွန်လအတွင်း နိုင်ငံရေးနဲ့ပတ်သတ်တယ်ဆိုပြီး ဒေသခံ NLD ပါတီ၀င်များကို စွပ်စွဲဖမ်းဆီးမှုတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၂ရ က်နေ့က မြို့သစ်ရပ်ကွက်ရိုးကြီးလမ်းက NLD ပါတီ ၀န်းရံသူ လူငယ်အမျိုးသား ၂ ဦးနဲ့ အုတ်ကျင်းလမ်းက အသက် ၅၀ အရွယ်
အမျိုးသားတစ်ဦးကို အကြောင်းမဲ့စစ်ကောင်စီနဲ့ရဲတွေကလာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရွာဘက်တွေမှာအဓိကထားဖမ်းတာ၊ PDFအားပေးဆိုပြီး ရိုက်နှက်စစ်တာတွေလဲလုပ်တယ်။ စိတ်ထင်တိုင်းလျှောက်လုပ်နေတာ”လို့ ဒေသခံတစ်ဦးကဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။
ငါးသိုင်းချောင်းမြို့အတွင်း အောင်ဆန်းရပ်ကွက်၊မြို့သစ်ရပ်ကွက်၊ သရက်ချောင်းကျေးရွာ၊ ဌက်က်ိုက်ကျေးရွာနဲ့ သပြေအိုင်ကျေးရွာမှာရှိတဲ့ NLD ပါတီ၀င်တွေ၊ လူငယ်တွေနဲ့ CDM ၀န်ထမ်းတွေကို အဓိကထားဖမ်းဆီးနေတာဖြစ်ပြီး မတွေ့ရင် မိသားစု၀င်တွေကိုပါ ဖမ်းဆီးတာတွေ ပြုလုပ်နေတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့လက်ရှိအချိန်ထိ အဖမ်းခံထားရသူ ၄၀ ကျော်လောက်ရှိနေပြီး ဇွန်လ ၁၇ ရက်နေ့ကရေကြည်မြို့ရဲစခန်းကို အချို့ကိုသွားရောက်ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့က ဌက်သိုက်ကျေးရွာမှာ နေထိုင်တဲ့ CDM ဝန်ထမ်းတစ်ဦးကို စစ်ကောင်စီ တပ်က ဝင်ရောက်ဖမ်းပြီး မမိလို့ မိန်းမနဲ့ ကလေးကို ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။