NUG အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်တဲ့ ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့၊ ပြည်နယ်အဆင့်အခြေခံအမှုစစ်သင်တန်း အမှတ်စဉ်(၁/၂၀၂၃) အား ဇွန်လ ၁ရက်ကနေ ၁၉ ရက်အထိ ဖွင့်လှစ်ခဲ့ပြီး ချင်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ သင်တန်းသား (၈၈) ဦးတက်ရောက်ခဲ့ကြပါတယ်။
သင်တန်းကာလတွင် အခြေခံစစ်ရေးပြ၊ အမှုစစ်၊ နိုင်ငံတကာဥပဒေ၊ လူ့အခွင့်အရေး၊ Federal ရဲတပ်ဖွဲ့စနစ်၊ နိုင်ငံတကာရဲတပ်ဖွဲ့ကျင့်ဝတ်နှင့်ဥပဒေစသည့်ဘာသာရပ်များအား သင်ကြားပို့ချခဲ့ပြီး သင်တန်း ဆင်းတဲ့ ရဲတပ်ဖွဲ့ဝင်များအားလုံးဟာ ချင်းပြည်နယ်၏ လိုအပ်သည့်နေရာများတွင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်ကြမှာဖြစ်တယ်။