လိုင်စင်မရှိဘဲပြည်ပ ငွေလွှဲလုပ်ငန်းလုပ်ဆောင်နေသူ ၅၀ ကျော်ကို ဖမ်းဆီးလိုက်တယ်လို့ ဒေါ်လာဈေးမြင့်တက်နေချိန် မှာပဲ စစ်ကောင်စီက ဇွန် ၂၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ဖမ်းခံရသူ ၅၁ ဦးဟာ ရန်ကုန်နဲ့မန္တလေးက ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ သတင်းအရသိရပါတယ်။
အဲဒီသူတွေဟာ ပြည်ပငွေလွှဲလုပ်တာနဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေကို လိုင်စင်မရှိဘဲ လုပ်ဆောင်နေတဲ့သံသယဖြစ်ဖွယ်အထောက်အထားတွေ့ရတဲ့သူတွေဖြစ်တယ်လို့လည်း စစ်ကောင်စီကဆိုထားပါတယ်။
အမေရိကန်ရဲ့အရေးယူဒဏ်ခတ်မှုအသစ်ကြောင့် ဒေါ်လာဈေး မြင့်တက်နေချိန်မှာပဲ အဖမ်းအဆီးသတင်းကို စစ်ကောင်စီ က အချိန်ကိုက်ထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။
ဖမ်းဆီးလိုက်သူတွေရဲ့ အရေအတွက်ကိုသာ ထုတ်ပြန်ပေမယ့် အမည် နဲ့အသေးစိတ်အချက်တွေကိုတော့ စစ်ကောင်စီဘက်က မထုတ်ပြန်ပါဘူး။
လက်ရှိမှာ စစ်ကောင်စီဟာ ဘဏ်တွေရဲ့ဒေါ်လာ အရောင်းအဝယ်ကိုချုပ်ကိုင်လိုက်သလို ပြင်ပ ငွေလွဲကောင်တာတွေလည်း ဒေါ်လာအရောင်းအဝယ်ပိတ်ထားတယ်လို့သိရပါတယ်။