ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံနဲ့ မိုးဗြဲမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာကြောင့် ပြည်သူတွေ အနေနဲ့ ဖြတ်သန်း သွားလာတာတွေ မပြုလုပ်ကြဖို့ ဖယ်ခုံ PDF က မနေ့က ထုတ်ပြန်ထားပါတယ်။
ဖယ်ခုံနဲ့ မိုးဗြဲ အရှေ့ခြမ်းဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက ထိုးစစ်ဆင်ကာ ပြည်သူပိုင် ပစ္စည်းတွေ ခိုးယူနေတာနဲ့ အိမ်ပြန်လာတဲ့ အရပ်သား ပြည်သူတွေကို အကြောင်းမဲ့ သတ်ဖြတ်တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ပြည်သူတွေ အနေနဲ့ ဘေးကင်းလုံခြုံရေး အဓိကထား ဆောင်ရွက်ကြဖို့နဲ့ အရေးပေါ် အခြေအနေတွေ ကြုံတွေ့ လာပါက KNDF တပ်ရင်း (၃)၊ တပ်ရင်း (၁၁) နဲ့ တပ်ရင်း (၂၂) တို့ကို ဆက်သွယ် အကူအညီ တောင်းနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။