စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မြောက်ပန်းတောက်ကုန်းရွာအနီး အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း Union Liberation Front အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅၂ မိနစ်ခန့်တွင် Jet Fighter အကြမ်းဖက် စစ်တပ်က မြောက်ပန်းတောက်ကုန်းရွာအနီး ၂ ကြိမ်တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
အကြမ်းဖက် စစ်တပ်၏ Jet Fighter ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရဟန်းသံဃာများ အပါအဝင် ပြည်သူများပါ ထိခိုက် သေဆုံးမှုရှိပြီး ပစ်ခတ် တိုက်ခိုက်ခံရသည့် နေရာ အတိအကျကို အတည်မပြုနိုင်သေးကြောင်း Union Liberation Front – ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။