အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက အစိုးရငွေချေးသက်သေခံလက်မှတ်များ တရားမဝင်ထုတ်ဝေရောင်းချပြီး ငွေချေးယူနေခြင်းနဲ့ စပ်လျဉ်းတဲ့ ကြေညာချက်ကို ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ တရားမဝင် အာဏာသိမ်း စစ်ကောင်စီနဲ့ ၎င်းရဲ့ လက်အောက်ခံအဖွဲ့အစည်းများက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစပြီး ထုတ်ဝေရောင်းချပြီး ငွေချေးယူနေတဲ့ အစိုးရငွေချေး သက်သေခံလက်မှတ် များ အားလုံးက အစိုးရကြွေးမြီ (သို့မဟုတ်) ပြည်သူ့ကြွေးမြီ (သို့မဟုတ်) နိုင်ငံတော်ရဲ့ အာမခံချက်ရှိတဲ့ ကြွေးမြီများ မဟုတ်တဲ့အတွက် နိုင်ငံတော် (သို့မဟုတ်) အစိုးရအဖွဲ့အပေါ် တောင်းဆိုပိုင်ခွင့်မရှိကြောင်း အသိပေးကြေညာလိုက်တယ်လို့ ဖော်ပြထားပါတယ်။