မန္တလေးမြို့ LGBT သမဂ္ဂရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဂျက်စတင်မင်းဟိန်း ကို ဖမ်းဆီးပြီး ၈ လအကြာမှာ စစ်ကောင်စီက ထောင် ၁၀ နှစ်ချလိုက်ပါတယ်။
ဆူပူအောင်လှုံဆော်မှု ပုဒ်မ ၅၀၅ (က) ၊အကြမ်းဖက်ပုဒ်မ ၅၀ (ည) တို့နဲ့ မနေ့ မတ်လ ၂၈ ရက်မှာ ထောင် ၁၀ နှစ်ချခံရတာလို့ LGBT Union Mandalay က ဖော်ပြပါတယ်။
ဂျက်စတင်မင်းဟိန်းဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့သူတစ်ဦးဖြစ်တယ်လို့သိရပါတယ်။
၂၀၂၂ ခုနှစ် စက်တင်ဘာလမှာတော့ စစ်ကောင်စီရဲ့ ဖမ်းဆီးတာကိုခံရတာပါ။
မန္တလေးက LGBT အရေး လှုပ်ရှားသူဖြစ်တဲ့ စူးရှရှင်းသန့်ကိုလည်း စစ်ကောင်စီက ၂၀၂၂ နှစ်ကုန်ပိုင်းက ထောင်ဒဏ် ၂၅ နှစ် ချထားတာရှိပါတယ်။