ရန်ကုန်မြို့ တံတားတစ်ခုပေါ်တွင် Kyimyindaing Networks (KMD18) နှင့် Mayangone Democratic Front (MDF) တော်လှန်ရေးအင်အားစုများမှ လူငယ်များ ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး စာတန်းချိတ်ဆန္ဒပြခဲ့ကြသည်။
အဆိုပါ လူငယ်များက “ငါတို.အလှည့်လာပြီ” စာတန်းပါသည့် ဘန်နာကို ချိတ်ဆွဲပြီး တော်လှန်ရေး တိုက်စစ်အရှိန်မြင့် လှုံ့ဆော်မှုနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး အာဏာဖီဆန် တော်လှန်ပုန်ကန် လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။
လက်ရှိတော်လှန်ရေး အခြေအနေသည် “မပြီးသေးဘူး ငါတိုအလှည့်ကျန်သေးတယ်” ဆိုသည့်အဆင့်မှ ရန်သူကို “သတိထား ငါတို.အလှည့်လာပြီ” ဟု ဘက်ပေါင်းစုံမှ ညာသံပေး တိုက်စစ်ဖွင့်နေကြပြီ ဖြစ်ကြောင်းနှင့် ပြည်သူတွေ အားလုံး၏ လွတ်လပ်ရေး၊ တရားမျှတမှုနှင့် နိုင်ငံတော်၏ အခွင့်အာဏာကို ပြန်လည်ရယူနိုင်တော့မည်ဟု KMD18 အဖွဲ့က ဆိုသည်။
ထို့ကြောင့် ပြည်သူလူထုအနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် လက်တွဲပူးပေါင်းပါဝင်ပြီး တော်လှန်ရေးတွင် အင်တိုက်အားတိုက် ပါဝင်ကြရန်လည်း KMD18 အဖွဲ့က တိုက်တွန်းနှိုးဆော်ခဲ့သည်။