ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း တစ်နေရာမှာ နှစ်ရှည်ပင်ပေါင်း တစ်သာင်းကျော်ကို စိမ်းလန်းမြေ အဖွဲ့သူ၊ အဖွဲ့သားတွေ မနေ့က ဇွန်လ ၂၈ ရက်မှာ စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကြာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီနဲ့ ရှမ်းတောင်ဒေသတွေမှာ အကျိုးအမြတ် မယူဘဲ ဒေသခံ Green Land -စိမ်းလန်းမြေ အဖွဲ့က အခုနှစ်အတွင်း အပင်တွေကို လက်တွေ့ အကောင်အထည်ဖော် စိုက်ပျိုးသွားမယ်လို့ ဇွန်လ ၇ ရက်က ပြောဆိုထားပါတယ်။
Green Land (စိမ်းလန်းမြေ) အဖွဲ့ဟာ ကရင်နီဒေသနဲ့ ရှမ်းပြည်တောင်ပိုင်း ဒေသကို သဘာဝ သစ်တောတွေနဲ့ စိမ်းလန်းစိုပြေအောင် ပြန်လည်ပျိုးထောင်သွားမယ့် အဖွဲ့ ဖြစ်တယ်လို့ သိရပါတယ်။