ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကုရ်ဘာနီအီးဒ်နေ့ ကျင်း ပနေစဉ် စစ်တပ်၊ရဲ၊ စည် ပင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ပူး ပေါင်း အဖွဲ့က အီးဒ်နေ့ အတွက် စီစဉ်ထားသော ဆိတ်နှင့်နွားများကို ဝင်ရောက် ဖမ်း ဆီးသွား ကြောင်း ဒေသနေပြည်သူတစ် ဦးက ပြောကြားသည်။
ယနေ့ ဇွန်လ ၂၉ ရက် နံနက်ပိုင်း သင်္ဃန်းကျွန်းမြို့နယ်၊ ဂဖူးကွေ့အနီး၌ အစ္စလာမ် ဘာသာဝင်များ၏ ကုရ်ဘာနီ အီးဒ်နေ့ ပြုလုပ်ခွင့်ပေးသဖြင့် ဆိတ်၊ နွားများကို ထုတ်ယူနေစဉ် စစ်တပ်၊ ရဲ၊ စည်ပင်နှင့် ရပ်ကွက် အုပ်ချုပ်ရေး မှူးများက လာရောက်ကာ ဆိတ်၊နွားများ အား လုံးကို သိမ်းဆည်းဖမ်း ဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။
“ဒီနေ့က ကျနော်တို့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ကုရ်ဘာနီအီးဒ်နေ့ပါ၊ သင်္ဃန်း ကျွန်းမှာ အီးဒ်လုပ်ခွင့် ပေးဆိုပြီး အအီးဒ်နေ့ အတွက် ဆိတ်တွေ၊ နွားတွေ စီစဉ် ထားတာကို ရဲရော၊ စစ်တပ်ရော၊ စည်ပင်ရော၊ ရာအိမ်မှူး ဆယ်အိမ်မှူးက ဝင်ဖမ်းပြီး နွားတွေ၊ ဆိတ်တွေ အကုန်သိမ်းသွားတယ်၊ စည်ပင်လည်း လိုင်း ကြေး ပေးပြီး ခွင့်ပြုချက်လည်းရှိပြီးသားကို နွားတွေ ဆိတ်တွေကို သိမ်းသွား တာပါ၊” ဟု ဒေသနေပြည်သူတစ်ဦးက ပြော ကြားသည်။
စစ်တပ်က နွား ၁၀ ကောင်၊ ဆိတ်အကောင် ၂၀၀ ကို စစ်ကား၄ စီး၊ ရဲကား ၃ စီး၊ စည်ပင်ဖောကား ၄ စီး အပါအဝင် အင်အား ၃၀ ကျော် လက်နက်အပြည့်အစုံ ဖြင့် ဝင်ရောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။