ချင်းပြည်နယ် ထန်တလန်မြိုကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
ဇွန်လ ၂၇ရက်က ထန်တလန်မြိုကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း ထိခိုက်သေဆုံးမှုမရှိဟု ဆိုသည်။
“၂၇ ရက်နေ့က ထန်တလန်ကို နှစ်ကြိမ် ဗုံးကြဲတယ်။ နောက်ခုတလော ထောက်ပိုယဉ်တွေ ဟားခါး ဗျူဟာကုန်းကို ဆင်းနေတယ်။ ဟားခါးမြိုထဲမှာ ကြိုကြားတိုက်ပွဲငယ်တော့ရှိနေတယ်” ဟု ဆလိုင်းထက်နီက ချင်းပြည်အတွင်း လတ်တလော စစ်ရေးအခြေအနေကို ပြောပြသည်။
စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပိုသုံးလာနိုင်သော်လည်း မိုးကာလဖြစ်၍မြေပြင်ထိုးစစ်ဆင်ခြင်းအားနည်းနိုင်သည်ဟု ၎င်းက ဆိုသည်။
ချင်းပြည်နယ် ဟားခါးမြိုကို စစ်ကောင်စီတပ်က ပွင့်လင်းကာလကတည်းက စစ်အင်အားများ ဖြည့်တင်းနေသော်လည်း ချင်းပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ အထိနာခဲ့သည်။
မေလကုန်ပိုင်းတွင် ဟားခါးမှ ထန်တလန်မြိုသိုဦးတည်ပြီး လေကြောင်း၊ မြေပြင်အပြင် လက်နက်ကြီးများအသုံးပြုပြီး စစ်ကောင်စီတပ်က ထိုးစစ်ဆင်ခဲ့သော်လည်း စစ်ကောင်စီတပ်များ ထန်တလန်မြိုကို ထိုးဖောက်နိုင်ခြင်းမရှိဘဲ ချင်းပူးပေါင်းတပ်က စိုးမိုးထိန်းချုပ်ထားနိုင်ဆဲဖြစ်သည်။