စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတိအကျမသိရသေးကြောင်း ဆားတောင်မိုးကြိုးပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယနေ့ဇွန်လ ၃၀ ရက် နံနက် ၇ နာရီခန့်က အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးပူးပေါင်း အင်အား ၃၀ ခန့်ဖြင့်တပ်စွဲထားသော ဆားတောင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီး အလုံး ၂၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိ ခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“ဆားတောင်ရဲစခန်းမှာက စစ်ခွေးရော၊ ရဲရော၊ ပျူတွေရောပေါင်းထိုင်ထားတာ၊ သူတို့က ဆားတောင် ရဲစခန်းမှာပဲ အင်အားမပြတာ၊ နောက်က ပျူရွာဖြစ်တဲ့ ညောင်ငုတ်တိုရွာကို သွားသွားထိုင်တာဗျ၊ ညောင် ငုတ်တိုနဲ့ ဆားတောင်ဆိုတာက မဝေးဘူးဗျ၊ ကပ်ကပ်လေး၊ ဆားတောင်ကို အင်အားမပြရင်တောင် ညောင်ငုတ်တိုရွာမှာ အင်အားထားတာ၊ ထိခိုက်မှု ကတော့ နယ်မြေ အခြေအနေရ မသိရသေးဘူးဗျ၊” ဟု ဆားတောင်မိုးကြိုးပြည် သူ့ကာကွယ် ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါဗုံးကျဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း၊ ဒရုန်းဖမ်းသေနတ်ဖြင့် ပစ်ချခံမှုကြောင့် ဒရုန်းတစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။