မန္တလေးနန်းတွင်းထဲမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ကို နည်းပညာမြင့်ပစ္စည်းတွေနဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့က နှစ်ကြိမ်မြောက်တိုက်ခိုက်ခဲ့တယ်လို့ Generation Z Power -GZP(Mandalay)က ထုတ်ပြန်ပါတယ်။
“တိမ်ပျံစစ်ဆင်ရေး” အဖြစ် အကြမ်းဖက်စစ်တပ် တပ်စွဲတည်ရှိနေတဲ့နေရာကို ဇွန် ၂၆ရက် ည၁၁နာရီခွဲဝန်းကျင်မှာ Generation Z Power -GZP(Mandalay) အဖွဲ့(ပြည်သူ့ကာကွယ် ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ )နဲ့ Peacock warrior Force (မတ္တရာ)ပူးပေါင်းအဖွဲ့က နှစ်ကြိမ်တိတိတိုက်ခိုက်ခဲ့တာပါ။
ဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်က အရာရှိတချို့ရဲ့ နေအိမ်တွေပေါ် ကျရောက်ခဲ့ပြီး ထိခိုက်ကျဆုံးမှုနဲ့ ပျက်စီး ဆုံးရှုံးမှုကို စုံစမ်းနေဆဲဖြစ် နန်းတွင်းထဲကို ပစ္စည်းပို့နေတဲ့ ကားဝင်ထွက်ခွင့်ကို ပိတ်ပင် ထားတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ရဲဘော်တွေဘက်က ထိခိုက်ကျဆုံးမှုမရှိဘဲ အန္တရာယ်ကင်းစွာဆုတ်ခွာနိုင်ခဲ့ပါတယ်။