မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ပြည်သူလူထုနှင့်ပူးပေါင်းခြင်းမရှိ အကြမ်းဖက် စစ်တပ် ထောက်တိုင်ဌာန ဆိုင်ရာ ဝန်ထမ်းများ၏ နေအိမ်များကို ပြည်သူ့ဘဏ္ဍာအဖြစ် ချိတ်ပိတ် သိမ်းဆည်း သွားမည် ဖြစ်ကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဇူလိုင်လ ၁၅ ရက်နေ့ နောက်ဆုံးထားကာ မြိုင်ပကဖ က အကြမ်းဖက် စစ်တပ် ထောင်တိုင် အဖြစ် တာဝန် ထမ်းဆောင်နေကြသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ အခြားဌာနဆိုင်ရာ ဝန်ထမ်းများ၏ နေအိမ်များကို မြို့ပေါ်ရပ်ကွက်၌ ဖြစ်စေ၊ ကျေးရွာများအတွင်း၌ ဖြစ်စေ နေအိမ်ခြံဝန်းများ အားလုံးကို ပြည်သူ့ဘဏ္ဍာအဖြစ် ချိတ်ပိတ် သိမ်းဆည်းခြင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။