မန္တလေး အောင်မြေသာစံမြို့နယ်မှာအရပ်ဝတ်နဲ့ ဆိုင်ကယ်စီးနင်းလာတဲ့ ယာဉ်ထိန်းရဲတစ်ဦးပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီကနေ့ ညနေပိုင်းက မဟာဇေယျာဘုံရပ်ကွက် ၂၆ လမ်း ၆၃ လမ်းနဲ့ ၆၂ လမ်းကြားမှာစကိုးဖီဆိုင်ကယ်နဲ့ ၂၆လမ်းအတိုင်း အရှေ့ကနေ အနောက်ကိုမောင်းနှင်လာတဲ့ ယာဉ်ထိန်းရဲကို အမည်မသိအမျိုးသားနှစ်ဦးက သေနတ်နဲ့သုံး ချက်ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် စစ်အုပ်စုလက်အောက်ခံ ယာဉ်ထိန်းရဲတပ်ဖွဲ့မှဒုတပ်ကြပ်ဆိုသူ သေနတ်နှစ်ချက်ထိမှန်ခဲ့လို့နေရာမှာတင်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
“ အခုဖြစ်တဲ့နားက အမှတ် ၃ ရဲစခန်းနဲ့ သိပ်မဝေးဘူးဗျ၊ ၂၆ လမ်းနဲ့ ၆၆ လမ်းထောင့်မှာလည်း မော်တော်ပီကယ်တွေစစ်ဆေးတာတွေလုပ်တတ်တယ်၊ကြည့်ရတာအဲဒီနားကိုပြန်လာတာနဲ့တူတယ်၊အပစ်ခံရပြီးနောက်တော့ စစ်တပ်ကကားနဲ့ရောက်လာပြီး စစ်ဆေးတာတွေလုပ်တယ်၊အလောင်းကိုတော့ လူနာတင်ယဉ်နဲ့ပြန်သယ်သွားတယ်” လို့ ဒေသခံ တဦးကပြောပါတယ်။
အဲဒီပစ်ခတ်မှုကိုမည့်သည့်အဖွဲ့ကလုပ်တယ်ဆိုတာ သီးခြားအတည်မပြုနိုင်သေးသလို မြို့ပြပြောက်ကျားအဖွဲ့တွေကလည်း ထုတ်ပြန်ထားတာမရှိသေးပါဘူး။