စစ်ကောင်စီကို ပြန်လည်တိုက်သွားမယ်လို့ မနေ့က ဇူလိုင်လ ၁ ရက်မှာ တရားဝင် အသိပေးထုတ်ပြန်လိုက်တဲ့ ကရင်နီပြည် လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး(ကလလတ/KNPLF) ကို ရှမ်းတောင် (၁၀၀၈) PDF တပ်ရင်းအနေနဲ့ ကြိုဆိုဝမ်းမြောက်တယ်လို့ ဒီကနေ့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
ဒီလို ပြည်သူဘက်ကို မျက်နှာမူပြီး တော်လှန်ရေး သမိုင်းစာမျက်နှာသစ် ရေးထိုးလိုက်တဲ့ ကလလတ ဟာ နဂိုရှိနှင့်ပြီးသား မူဝါဒတွေနဲ့ တိုင်းရင်းသား တန်းတူအခွင့်အရေး နဲ့ တရားမျှတမှု၊ ဖက်ဒရယ် ဒီမိုကရေစီရရှိရေး တို့ကိုလည်း ဦးတည်လုပ်ဆောင်ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။
လက်ရှိရေးထိုးလိုက်တဲ့ တော်လှန်ရေးသမိုင်းစာမျက်နှာသစ်နဲ့အတူ အခက်အခဲတွေလည်း ကြိုးစာလုပ်ဆောင်နိုင်ပါစေလို့လည်း ရှမ်းတောင် (၁၀၀၈) PDF တပ်ရင်းက ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
၁၉၇၈ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ကရင်နီပြည် လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး(ကလလတ/KNPLF)ဟာ ၁၉၉၁ ခုနှစ်မှာ စစ်တပ်နဲ့ အပစ်ရပ်ပြီး ၂၀၀၉ ခုနှစ်မှာ အခြေအနေတစ်ချို့ကြောင့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းခဲ့ရပေမဲ့ ၂၀၂၃ ခုနှစ် ဇွန် ၁၁ ရက်မှာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး မယ်စဲ့မြို့နယ်ထဲက စစ်တပ်စခန်းကုန်း ၆ ခုကို သိမ်းပိုက်ကာ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။