KNU မူးမြိုနယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ် ၄ လုံးပျက်စီးခဲ့ကြောင်း ကေအဲန်ယူ-ဗဟို ထံမှ သိရသည်။
ဇူလိုင်လ ၂ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင် တပ်မဟာ ၃ ၊ မူးမြိုနယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၄ လုံး၊ နွားတဲ ၁ လုံး နှင့် မြက်ရိတ်စက် ၁ လုံးတို ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က ကေအဲန်ယူမူးမြိုနယ်အတွင်းရှိ ရေတွင်းကုန်း ကျေးရွာမှ တစ်ဆင့် ဝင်ရောက်လာကာ ဒေသပြည်သူများကို လက်နက်ကြီး ၃၂ လုံးအပြင် လက်နက်ငယ်များဖြင့်လည်း ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် အသက် ၄၂ နှစ်အရွယ် စောစိုးမိုးခိုင်နှင့် အသက် ၃၀ အရွယ် စောခါဒူတို ၂ ဦးမှာ ထိခိုက် ဒဏ်ရာရရှိပြီး ရေတွင်းကုန်းနှင့် ဥသျှစ်ကုန်း ရွာအတွင်းရှိ လူနေအိမ် ၄ လုံး လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် ခလယ်လွီထူခရိုင် တပ်မဟာ ၃ ၊ မူးမြိုနယ် အတွင်းရှိ ရေတွင်းကုန်းကျေးရွာ၊ ဥသျှစ်ကုန်း ကျေးရွာနှင့် အုန်းပင်စုကျေးရွာတိုမှ ပြည်သူ ၁၄၅၆ ဦး ခန့်သည် ဘေးလွတ်ရာသို ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။