ရန်ကုန်တိုင်း၊ ကော့မှူးမြိုနယ်၊ ရွာတန်းရှည် ကျေးရွာအုပ်စုရှိ လယ်ကွင်းများ၌ အိမ်ဆောက် နေထိုင်သူများထံမှ စစ်တပ်က နေအိမ် ၁ အိမ်လျှင် ငွေကျပ် ၁ သိန်းခွဲ အဓမ္မ လိုက်လံ ကောက်ခံနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဇူလိုင်လ ၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ကော့မှူးမြိုနယ်၊ ရွာတန်းရှည် ကျေးရွာအုပ်စုရှိ ရွာတန်းရှည်ကျေးရွာ၊ ရိုးကန့်လန့်ကျေးရွာနှင့် ဒုံးညိုကျေးရွာရှိ နေအိမ် တချိုထံမှ တစ်အိမ်လျှင် ငွေကျပ် ၁ သိန်း ခွဲ စတင်ကောက်ခံသွားပြီး ကျန်ရှိနေအိမ်များကို ဇူလိုင်လ ၃ ရက်နေ့တွင် ဆက်လက် ကောက်ခံရန် အုပ်ချုပ်ရေးမှူးက စာထုတ်ပြီး ထပ်မံ ခေါ်ယူထားကြောင်း သိရသည်။
” ဒီနေ့ ရွာတန်းရှည်ကျေးရွာအုပ်စုက နေအိမ် တချိုကို အုပ်ချုပ်ရေးမှူးက အစည်းအဝေးခေါ်တဲ့ ပုံစံမျိုး ခေါ်ဆောင်ပြီး တစ်အိမ်ကို ငွေကျပ် ၁ သိန်းခွဲ ကောက်သွားတယ်။ တိုက်အိမ်တွေဆို ပိုက်ဆံပိုပေးရတယ်ပြောတယ်။ ဘယ်နှအိမ် ကောက်သွားလည်း မသိရသေးဘူး။ မနက်ဖြန်လည်း ကျန်တဲ့ အိမ်တွေ ခေါ်ထားတယ်ပြောတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။
အဆိုပါ မြေနေရာတွင် ပြည်သူများ နေထိုင်လာသည်မှာ နှစ်ပေါင်း ၅၀ ကျော်ကြာ မြင့်နေပြီဖြစ်ပြီး အကြမ်းဖက် စစ်တပ် လက်ထက်မှ စတင်ကာ ငွေကြေး ကောက်ခံမှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။