အကြမ်းဖက်စစ်တပ်က ခြေလျင်စစ်ကြောင်းထိုးနေလို့ ခင်ဦးမြို့နယ်က ဒေသခံ ထောင်ချီ ညတွင်းချင်း ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၂ရက်က ခင်ဦးမြို့နယ် အရှေ့မြောက် ယောက် သွားအိုင် နဲ့ ထနှောင်းကိုင်းလေး ရွာကြား ညအိပ်ခဲ့တဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းဟာ ဇူလိုင် ၃ရက် ည ၉နာရီ၃၃ မိနစ်မှာ ကုလားလူးကျေးရွာ မြောက်ဘက်တောခြေတွေကို ခြေလျင်စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ညအချိန်မတော် ခြေလျင်စစ်ကြောင်းထိုးလာတာကြောင့် တောထဲတိမ်းရှောင်နေကြရတဲ့ ဒေသခံတွေ အပါအဝင် ရှားလွင်၊ ထနှောင်းကိုင်းကြီး၊ ထနှောင်းကိုင်းလေး၊ ယောက်သွားအိုင် ရွာတွေက ဒေသခံ(၃၀၀၀)ကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။
အဲဒီအထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးမိခင်တွေ၊ သွေးနုသားနုမိခင်တွေနဲ့ ကလေးသူငယ်တွေအပါအဝင် ညတွင်းချင်း မီးမပါ ဘဲ ပိုးမွှားအန္တရာယ်ကြားက ထွက်ပြေးနေကြရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဇူလိုင် ၁ရက်ကလည်း ကွမ်းတိုင်းကျေးရွာက ဒေသခံ(၁)ဦး စစ်ရှောင်ရင်း ပိုးထိပြီး သေဆုံးခဲ့ရပါတယ်။
ဒါကြောင့် အကြမ်းဖက်စစ်တပ်ရန်ကနေ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံတွေအနေနဲ့ ပိုမွှားအန္တရာယ် သတိပြုကြဖို့နဲ့ လက်နက်ကြီး တစ်ကမ်းလွတ်ရာ နေရာတွေကိုသာ သတိပြုတိမ်းရှောင်နိုင်ကြဖို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတိပေးထုတ်ပြန်ထားပါတယ်။