မကွေးတိုင်း ပေါက်မြို့နယ်တွင်လည်း BEGSC နှင့် BEWU-SC မှ ဦးဆောင်၍ အခြေခံပညာပြည်သူ့ပညာကျောင်းများနှင့် ပူးပေါင်းပြီး (၆၁) နှစ်မြောက် ဆဲဗင်းဇူလိုင်အကြို အထိမ်းအမှတ် အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဟောပြောပွဲယနေ့ (ဇူလိုင် ၄) ညနေက ပြုလုပ်ခဲ့ကြသည်။
သပိတ်ကော်မတီဝင်များက ပြည်သူများအား ဆဲဗင်းဇူလိုင်နှင့် ပတ်သက်၍ သမိုင်းအချက်အလက်ဟောပြောဆွေးနွေးမှုများ၊ မြေပြင်သပိတ် အကြောင်းများ၊ တော်လှန်ရေးနှင့် ပတ်သက်သည့် အခြေအနေများကို ဟောပြောဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်သူများက “7July မမေ့နိုင်” ၊ “၇.၇.၆၂ မမေ့ကြနဲ့” ၊ “ဆဲဗင်းဇူလိုင်စိတ်ဓာတ်ကိုင်စွဲ တိုက်ပွဲဝင်ကြ” စသည့် စာသားများ ကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။