ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ငါးခူရနယ်မြေ ၅ မှ ရဲအုပ် ၁ ဦး၊ ဒုရဲအုပ် ၂ ဦးတို့ ဇူလိုင် ၃ ရက် ညနေမှာ စခန်းကနေ ထွက်ပြေးသွားကြတယ်လို့ ငါးခူရစခန်းမှ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတဦးက အတည်ပြုပြောပါတယ်။
“ဇူလိုင်လ ၃ ရက် ညနေမှာ စခန်းက ထွက်ပြေးသွားကြတာ၊ လက်နက်တွေတော့ ပါမသွားဘူး။ တာဝန်ခံ ရဲအုပ် ၁ ဦး၊ အမှုစစ် ဒုရဲအုပ် ၁ ဦး နဲ့ နောက် ဒုရဲအုပ် ၁ ဦး နဲ့ သူ့ဇနီးသည်ပါ ထွက်ပြေးသွားကြတာ။”