ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်စပ်က မိုးဗြဲမြို့မှာစစ်ကောင်စီတပ်က ဇွန်လအတွင်း အရပ်သား (၃၃) ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ကိုပြောပါတယ်။
မိုးဗြဲမြို့ပေါ်မှာ အထိုင်ချနိုင်ဖို့ ကြိုးပမ်းနေတဲ့စစ်ကောင်စီတပ်ဟာ ဇွန်လအစောပိုင်းကစပြီး မြို့ပေါ်ကိုဝင်ရောက်ပြီးနောက် မြို့ထဲမှာ ပိတ်မိနေတဲ့ ဒေသခံတွေကို သေနတ်နဲ့ ပစ်သတ်ခဲ့ တာဖြစ်ပြီး တချို့ကတော့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးတွေထိမှန်သေဆုံးခဲ့တာပါ။
စစ်ကောင်စီကြောင့် သေဆုံးခဲ့တဲ့အရပ်သား(၃၃)ဦးအပြင် နောက်ထပ်ပျောက်ဆုံးနေသူတွေ လည်းရှိနေတယ်လို့ KNDF သတင်းပြန်ကြားရေးတာဝန်ခံ ကိုဖြိုးက ပြောပါတယ်။
“စစ်ကောင်စီက သာလွန်အင်အားတွေသုံးပြီးတော့ တိုက်တယ်ပေါ့နော် အဲဒီမှာ ပိတ်မိနေတဲ့ အရပ်သားတွေအများကြီးကျန်ခဲ့တယ်။ မြို့ထဲမှာ အရပ်သားတွေကျန်တယ်။ ကျန်တဲ့ အရပ်သား တွေကို သူတို့ပစ်သတ်တယ်ပေါ့နော် အဓိက (၃၃)ဦးဆိုတာက သူတို့ရဲ့ ရုပ်အလောင်းတွေပေါ့ နော်။ လက်ရှိရထားတဲ့လူတွေကိုပဲ ရေတွက်ထားတာဖြစ်တယ်။ တခြားပျောက်ဆုံးနေတဲ့သူတွေ မြို့ထဲမှာ အသတ်ခံထားရပြီးတော့မှ အလောင်းပြန်ကောက်လို့မရသေးတဲ့သူတွေ အများကြီး ရှိတယ်” လို့ သူက ပြောပါတယ်။
စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် (၁၀)နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သားထိခိုက် သေဆုံးတာတွေရှိနေတာဖြစ်ပြီး အခုချိန်မှာ မိုးဗြဲတမြို့လုံးကို သိမ်းပိုက်အထိုင်ချထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ တချို့အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးသတ်ဖြတ်ခဲ့သလို တချို့ကိုတော့ လမ်းသွားနေရင်း ပစ်ခတ်တာဖြစ်နိုင်တယ်လို့ သိရပါတယ်။
KNDF ရဲ့ ပြောဆိုချက်အရ ဆိုင်ကယ်နဲ့သွားနေရင်း ပစ်ခတ်ခံရမှုကြောင့် ဆိုင်ကယ်ဘေးမှာ သေဆုံးနေသူတွေရှိနေသလို ဆိုင်ကယ်မှာ ကျည်ရာအများအပြားလည်းတွေ့ရှိရတယ်လို့ သိရပါ တယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ကာလအတွင်း ကယားပြည်နယ်မှာ စစ်ကောင်စီကြောင့် သေဆုံးခဲ့ တဲ့ အရပ်သား (၃၆၅) ဦးအထိရှိနေတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။