စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း၊ ဆားလင်းကြီးမြို့နယ်၊ ဆားခါးရွာမှ စိတ်ရောဂါ ခံစားနေရသည့် ပြည်သူ ၁ ဦးကို စစ်တပ်က ညှင်းပမ်း နှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ဆားလင်းကြီး မြို့နယ်ပေါ်မှ ဆင်းလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆားခါးရွာသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဆားခါးရွာမှ စိတ်ရောဂါ ခံစားနေရသူ အသက် ၂၈ နှစ်အရွယ် အမျိုးသား ၁ ဦးကို ညှင်းပမ်း နှိပ်စက်၍ ရင်ဝကို သေနတ်နှင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” စိတ်ရောဂါခံစားနေရသူမို့ သူတို့ ဝင်လာချိန် မပြေးနိုင်လို့ အသတ်ခံရတာ။ တခြားဖမ်းဆီးခံရတဲ့ ပြည်သူတွေတော့ မရှိဘူး” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်သည် ဆားခါးကျေးရွာရှိ ပြည်သူပိုင်ပစ္စည်းများကို မွှေနှောက်ဖျက်ဆီးခဲ့ပြီး ဆားခါးရွာအနီးရှိ ပေါင်းဝရွာမှ ပြည်သူပိုင်ပစ္စည်းများကိုလည်း ခိုးယူ၍ မော်တော်နှင့် တင်ဆောင်သွားကြောင်း၊ ဇူလိုင် ၅ ရက်နေ့ ညနေပိုင်းတွင် အဆိုပါ စစ်ကြောင်းသည် ခွန်သာရွာမှ တစ်ဆင့် အမြန်ယာဉ်နှင့် မုံရွာဘက်သို့ ဆန်တက်သွားကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။
See Translation
All reactions:
6.7K6.7K