ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ဟားခါး-ထန်တလန်ကားလမ်းမပေါ်ရှိ သီတာကျေးရွာအနီးတွင် မနေ့ ဇူလိုင် ၈ ရက်တွင် အကြမ်းဖက်စစ်ကောင်စီနဲ့ CNA တို့တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်ကောင်စီတပ်များ အသေအပျောက်များစွာနဲ့ ထွက်ပြေးကြတယ်လို့သိရတယ်။
ယမန်နေ့တိုက်ပွဲတွင် လေကြောင်းဖြင့် ၂ ကြိမ်ပစ်ကူပေးခဲ့ပြီး ဟားခါးမြို့ တပ်ကုန်းကနေ လက်နက်ကြီးဖြစ် ပစ်ကူပေးခဲ့ပါတယ်။
ယနေ့ ဇူလိုင် ၉ ရက်တွင် CNA တပ်ဖွဲ့က နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား အလောင်း ၆ လောင်းတွေ့ရှိပြီး ၎င်းတို့ကျန်ခဲ့တဲ့ သေနတ် ၄ လက်၊ ကျည်ဆံအများအပြားနဲ့ အခြားလက်နက်ခဲယမ်းများတွေ့ရှိတယ်လို့ သတင်းရရှိပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဟားခါး-ထန်တလန်ကားလမ်းစိုးမိုးနိုင်ဖို့ မေလ နောက်ဆုံးပစ်ကစပြီး ယနေ့ထိ ခြေလျင်အပြင် လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူများပေးကာ ထိုးစစ်ဆင်လျက်ရှိပါတယ်။