တနင်္သါရီတိုင်း လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ယနေ့ (ဇူလိုင် ၉) ညနေ၌ ပြုလုပ်ခဲ့သည်။
ယင်းသပိတ်စစ်ကြောင်းတွင် လူငယ်များက “7 July စိတ်ဓါတ် ကိုင်ဆွဲကြ၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းကြ” ဘန်နာကိုင်ဆွဲ၍ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။
အဆိုပါ လူထုသပိတ်လှုပ်ရှားမှုကို အမျိုးသမီးများ၊ လူငယ်များနှင့် ဒေသခံပြည်သူများ အများအပြား ပူးပေါင်းပါဝင်ခဲ့ကြသည်။