ယနေ့ညနေ ၆ နာရီကျော်အချိန်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နားဖိုင်ကျေးရွာမှ ကလေးမိခင် ေဒါ် ကဒုန့်လု ဒဏ်ရာရရှိကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ရင်း ခလရ ၁၂၃ မှ ရမ်းသမ်း ပစ်ခတ်လိုက်သည့် လက်နက်ကြီးဖြစ်ကြောင်း သိရသည်ဟု ဒေသနှင့်နီးစပ်သူက ပြောသည်။
ဒဏ်ရာရရှိသူသည် ကလေးတစ်ယောက်၏ မိခင် အသက် ၂၃ နှစ်အရွယ်ဖြစ်ကြောင်း ဒေသခံနှင့် နီးစပ်သူက ပြောသည်။