စစ်ကိုင်းတိုင်း ၊ မအူပင်ကျေးရွာကို မီးရှို့ပြီး ပြန်လာတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ စစ်ကိုင်း တပ်မ(၃၃) ကို မြင်းမူပြည်သူ့ကာကွယ်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မအူပင်ကျေးရွာကို မီးရှို့ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အင်အား (၆၀) ဦးခန့်ပါ တပ်မ(၃၃)အကြမ်းဖက် စစ်ကြောင်းကို ဇူလိုင် ၆ ရက် ၊ ညနေ ၆ နာရီ မိနစ် ၃၀ အချိန်မှာ မြင်းမူမြို့နယ်၊ မကျီးကန်ကျေးရွာ အရောက်တွင် ပြည်သူ့ကာကွယ်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့မှ ၈၀ မမဖြင့် ၈ကြိမ်တိုင် တိုက်ခဲ့ရာ ပစ်မှတ်ကို ထိထိမိမိ ကျရောက်ပေါက်ကွဲပြီး အကြမ်းဖက် တပ်သား ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့တယ်လို့ (PKDF _ MMU) က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
အဆိုပါတိုက်ခိုက်မှုကို (People’s Knight Defense Force Myinmu)၊PAFD တပ်ခွဲ Dog Killers Defense Force Myinmu ၊ DBBF – MMU တို့မှ ပူးပေါင်း စစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သိရှိရပါတယ်။