စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတရွာမှာ စစ်အာဏာရှင်အလိုမရှိကြောင်း ရက်ပေါင်း ၈၄၁ မြောက်နေ့အဖြစ် နယ်မြေမတည်ငြိမ်တဲ့ကြားက လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သပိတ်အဖွဲ့ဝင်တဦိးဆီက သိရပါတယ်။
အဲ့ဒီ ဆန္ဒထုတ်ဖော်မှုကို ဇူလိုင် ၁၁ ရက် ဒီနေ့ မနက်က ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ လူထုသပိတ်စစ်ကြောင်းက ဦ်းဆောင်ကာ အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ပြီး သပိတ်တရားဟောကာ လူထုသပိတ်ကို ပိတ်သိမ်းခဲ့တယ်လို့ ဆိုပါတယ်။