စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကမ်းဖြူရွာမှ စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာ၊ အဝတ်အ ထည်နှင့် မိုးကားများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ တွင် သွားရောက်ပေးပို့လှူဒါန်းခဲ့ခြင်းဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူများမှာ မန္တလေးတိုင်း စဉ့်ကူမြို့နယ် ကြက်တူရွေးရွာ၊ ဟင်္သာမရွာ၊ တမာကုန်းရွာ၊ မြစ်ကြမ်းကြီးရွာ စသည့် ရွာ ၅ ရွာပြည်သူများဖြစ်ပြီး လူဦးရေ ၅၀၀ နီးပါးရှိကြောင်း၊ မိဘပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ထောက်ပံ့ကူညီပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကားတစ်တန်၊ လှေတစ်တန်၊ ဆိုင်ကယ်တစ်ခါ၊ နွားလှည်တစ်လှည့်နဲ့ ခက်ခက်ခဲခဲသွားပြီး လှူဒါန်းခဲ့ရ တာပါ၊ စစ်တပ်ကစစ်ကြောင်းနှစ်ကြောင်း ထိုးနေတဲ့ကြားထဲကနေ သွားရောက်ခဲ့ရတာ၊ ပြည်သူတွေက တော့ အလှူရှင်တွေမျှော်နေကြတယ်၊ လက်ရှိအခြေအနေက လှူမယ့်သူရှိမှ စားရမယ့်အနေအထား ဖြစ် နေတာ၊ ကျနော်တို့မှာလည်း အလှူရှင်ရှာရခက်နေတယ်၊ သက်ကြီးရွယ်အို အမေကြီးတွေကဆို နောက် တစ်ခါလာလှူရင် ဆေးဝါးလေးတွေပါ လှူပေးကြပါအုံးလို့ အကူအညီတောင်းကြတယ်” ဟု ရွှေဘိုမြို့ နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။