မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ပကဖ အဖွဲ့ထောင်ထားသည့်မိုင်းကွင်းပေါ်တွင် ထိုင်မိသော စစ်အုပ်စုမိုင်းဆွဲတိုက်ခိုက်
ခံရပြီး စစ်သား၅ ဦးသေဆုံးကြောင်း မတ္တရာပကဖအဖွဲ့ တာ
ဝန်ခံက ပြောသည်။
ဇူလိုင်လ ၉ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က မတ္တရာမြို့နယ်၊ ချောင်းမကြီးရွာအရှေ့ဘက်ဘောင်၊ တံတားနက်တံတား တောင်ဘက်ပေ(၃၀၀၀)ကျော်အကွာတွင် မတ္တရာပကဖအ
ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပကဖအဖွဲ့ထောင်ထားသည့် မိုင်းကွင်းတစ်ခုပေါ်တွင်စစ်အုပ်စုခေတ္တထိုင်မိနေစဥ် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးကြောင်း မတ္တရာပကဖအဖွဲ့က ပြောသည်။
“မြောင်းသစ်ကနေ မနက်အစောကြီးထွက်တာ။ LDF တွေဆွဲလိုက်တဲ့မိုင်းကလည်း အနည်းဆုံးတစ်ယောက်ထိမယ်။ မိုင်းထိပြီးတဲ့နောက် မြောင်းသစ်ဘုန်းကြီးကျောင်းထဲ ဝင်တဲ့အချိန်မှာလည်း ပကဖအဖွဲ့ကဒရုန်းနဲ့ကြဲတယ်။ နှစ်ယောက်ဒဏ်ရာရတယ်။စစ်ကြောင်း၃ကြောင်းကဖြန့်ထွက်လာတယ်
။ ထွက်တဲ့အချိန်မှာဆွဲလိုက်တာ”ဟု မတ္တရာပကဖအဖွဲ့တာ
ဝန်ခံကဆိုသည်။
သေဆုံးစစ်သားရုပ်အလောင်းများကို ကျောက်တံတားရွာသို့ သယ်ဆောင်သွားကြောင်း တပ်တွင်းသတင်းပေးချက်အရ သိရသည်ဟုဆိုသည်။
စစ်ကောင်စီတပ်ထိခိုက်သေဆုံးမှုအခြေအနေကို People’s Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
မတ္တရာမြို့နယ်အရှေခြမ်းတွင် စစ်ကောင်စီတပ်က ဇူလိုင်လ ၃ ရက်နေ့ကတည်းက စစ်ကြောင်းထိုးနေပြီး ဒေသတွင်းတော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲများဖြစ်ပွားနေသည်။