ရှေ့တန်းတိုက်ပွဲ၌ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း (၈) က ယနေ့ ထုတ်ပြန်သည်။
ယမန်နေ့(ဇူလိုင် ၁၁ ရက်) ကရဲဘော်မောင် ဝီနားရှို (ခ) အောင်ငဲသည် စစ်ကောင်စီတပ်ကို တွန်းလှန်တိုက်ခိုက်ရင်း တိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးလှူခဲ့သည်ဟု အသိပေးသည်။
“ညီအကို သုံးယောက်လုံးက KNDF တပ်ရင်းတွေထဲမှာ သူက အငယ်ဆုံး။အရမ်း လိမ်မ္မာပြီး အနေအေးတာ”ဟု KNDF တပ်ရင်း(၈)မှ ရဲဘော်တစ်ဦးက ပြောသည်။
သို့သော် ကျဆုံးခဲ့ရသည့် စစ်မြေပြင်ကိုမူ တိုက်ပွဲ အခြေအနေအရ ဖော်ပြခြင်းမရှိသေးပေ။KNDF တပ်ရင်း (၈) သည် ဒီးမော့ဆို နှင့်ဖရူဆို မြို့နယ်တို့တွင် စစ်ရေးလှုပ်ရှားမှု အများဆုံးပြုလုပ်ထားသည်။
ရဲဘော် မောင်ဝီနားရှို (ခ) အောင်ငဲသည် ဖယ်ဒရယ်ဒီမိုကရေစီရရှိရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ အမျိုး သားတန်တူရေးအတွက် ရွံ့ရွံ့ချွန်ချွန်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသည့်
အတွက် ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ်မှ သူရဲကောင်းအဖြစ် မှတ်တမ်းတင် သည်။
အာဏာသိမ်းစစ်တပ်ကို တော်လှန်ရာတွင် အောင်မြင်မှုများစွာရရှိနေသော ကရင်နီ(ကယား)ပြည်နယ် တွင်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီးစစ်ကောင်စီက နေ့စဥ်လေယာဥ်အသုံးပြု၍ အရပ်သားစစ်ရှောင်နေရာများကိုပါ ဗုံးကျဲတိုက်ခိုက်လျက်ရှိသည်။
ယခုနှစ် မေလ ကုန်အထိ KNDF ဖွဲ့စည်းခြင်း နှစ်နှစ် တာ တိုက်ပွဲများ၌ ကရင်နီဒေသ၌ တိုက်ပွဲပေါင်း ၁,၀၀၀ ကျော်တွင် စစ်ကောင်စီတပ်မှ ၂,၀၆၅ ဦးထက် မနည်းသေဆုံးကာ KNDF ရဲဘော် ၁၅၃ ဦးကျဆုံးခဲ့သည်။