ယင်းမာပင် – ဆားလင်းကြီး ရွာပေါင်းစုံသပိတ်က အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဆန္ဒပြသပိတ်ကို ၈၄၂ ရက်မြောက်အဖြစ်နဲ့ ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြတော်လှန်ပြည်သူတွေက “ရွာပေါင်းစုံ လူထုသပိတ်စစ်ကြောင်း” ဆိုတဲ့ စာသားတွေကို ကိုင်ဆွဲပြီး အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဟစ်ကြွေးမှုတွေ ပြုလုပ်ခဲ့ကြတာပါ။
“ရာသီဥတုကြောင့် လူအင်အားနဲသော်လည်း အောင်မြင်စွာချီတတ် လူစုခွဲနိုင်ခဲ့ပါတယ်” လို့ ယင်းမာပင် – ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီဝင် တစ်ဦးက ပြောပါတယ်။
ဆန္ဒပြသပိတ်မှာ CDM ဝန်ထမ်းများကို ဂုဏ်ပြုတဲ့အနေနဲ့ လက်ခုပ် ၁၅ စက္ကန့်တီးပြီးတော့ ဂုဏ်ပြုခဲ့ပါတယ်၊။
ဒေသခံတော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြား ထဲကနေပဲ အကြမ်းဖက်စစ်တပ်ကျ ရှုံးရေး ဆန္ဒပြသပိတ်ကို နေ့စဉ်ပြုလုပ်နေကြပါတယ်။