စစ်ကိုင်း – မုံရွာလမ်း၊ စစ်ကိုင်း – ရွှေဘိုလမ်းကို သတ် မှတ်အချိန်အတွင်းသာ အသုံးပြုကြဖို့ တော်လှန် ရေးအင်အားစုတွေက မနေ့က ထုတ်ပြန်လိုက်ပါတယ်။
အဲဒီ လမ်းအသုံးပြုသွားမှုကို နံနက် ၅ နာရီ ကနေ ည ၈ နာရီ အတွင်းသာ သွားလာကြဖို့ အသိပေးမေတ္တာရပ်ခံထားပါတယ်။
သတ်မှတ်တားမြစ်ထားတဲ့ အချိန်အတွင်း ကျန်းမာ ရေး အရေးပေါ်အခြေအနေသွားလာလိုပါက နီးစပ် တော်လှန်ရေးတပ်ဖွဲ့တွေကို တိကျစွာ သတင်းပေးပို့သွားလာနိုင်တယ်လို့ ဆိုပါတယ်။
သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို သတင်းပေးပို့ခြင်းမရှိပဲ မိမိတို့သဘောဆန္ဒအလျှောက် လမ်းအသုံးပြုသွားလာလို့ တစုံတရာ ဖြစ်ပေါ်လာပါက ဖြတ်သန်းသွားလာသူရဲ့ တာဝန်သာဖြစ်တယ်လို့ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူတွေအနေနဲ့ ထုတ်ပြန်ချက်ကို လိုက်နာခြင်းဖြင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အတူပူးပေါင်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။
ဒါ့အပြင် ရွှေဘိုခရိုင်အတွင်းက မန္တလေး-ရွှေဘိုလမ်းပိုင်းကို မနက် ၆ နာရီကနေ ည ၆ နာရီအတွင်းသာ သွားလာကြဖို့ကိုလည်း ထုတ်ပြန်ထားပါတယ်။