စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တက်တူရွာတွင် စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ ပြည်သူတစ်ဦးသေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ (ဇူလိုင်လ ၁၂ ရက်နေ့) မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာစာသင်
ကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်က တက်တူရွာဘက်သို့ ၆၀မမ လက်နက်ကြီးဖြင့် ၃ လုံးပစ်ခတ်ခဲ့သည်။
ထိုပစ်ခတ်မှုကြောင့် လက်နက်ကြီး တစ်လုံးမှာ ရွာတွင်းရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ပလိုင်းရွာ စာသင်ကျောင်းကနေ ပစ်ခတ်တာပါ။ပစ်တာက၃လုံးပစ်ခတ်တာ။၂လုံးကတော့ အထိခိုက်မရှိခဲ့ဘူး။တစ်လုံးကတော့ အိမ်ပေါ်တည့်တည့်ကျပေါက်ကွဲပြီး ပြည်သူတွေထိတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။
တစ်ဦးသေဆုံးသည့်အပြင် ကလေးငယ်တစ်ဦးအပါအဝင် ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။၇ ဦးအနက် ၂ ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရပြီး အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
ဇူလိုင်လ ၉ ရက်နေ့နံနက်ပိုင်းကလည်း စစ်ကောင်စီတပ်သည် ရွှေဘိုမြို့နယ်အရှေ့ပိုင်း၊ ဘိုးတော်တောရွာသို့ ပစ်ခတ်ဝင်ရောက်ပြီး ရွာအဝင်ရှိ နေအိမ် တဲတိုက်များအား မီးရှို့ဖျက်ဆီးခဲ့သေးသည်။