မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ ရဲစခန်းရှေ့ရှိ ဘန်ကာကို ဝင်ရောက် ပစ်ခတ်ရာ ရဲ ၁ ဦးသေဆုံးခဲ့ကြောင်း People`s Defense Force – Kamma တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ် ဝန်းကျင်ခန့်တွင် ကမ္မမြို့ ရဲစခန်းရှေ့ရှိ ဘန်ကာအတွင်း ကင်းစောင့်နေသော ရဲ ၁ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ ရဲ ၁ ဦး ဘန်ကာအတွင်း၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို People`s Defense Force – Kammaတပ်ဖွဲ့ နှင့် Pauk Generations Star တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။