VOGUE JAPAN ၏ (၂၄ နှစ်အတွင်း) ပထမဆုံးတစ်ကိုယ်တော်အမျိုးသား cover star SUGA သည် mindfulness, ၊ တုန့်ဆိုင်းခြင်းနှင့် ဂီတနှင့်သူ၏ဆက်ဆံရေးကို ပြောင်းလဲသွားခြင်းအကြောင်းတို့ကို ဖွင့်ဟခဲ့သည်။
VOGUE JAPAN ၏သြဂုတ်လထုတ်စာစောင်အတွက် ကျွန်ုပ်တို့၏ theme မှာ “Inner Beauty : အတွင်းစိတ်” ဖြစ်သည်။
တစ်နည်းဆိုရသော် ကျွန်ုပ်တို့၏ အိပ်မက်များနှင့် ဆန္ဒများကို အပေါ်ယံမဟုတ်ဘဲ အမှန်တကယ် တွန်းအားပေးသည့်အရာကို သိရန် ရှာဖွေခြင်း ဖြစ်သည်။
SUGA ထက် ဒါကို ကိုယ်စားပြုဖို့ ပိုကောင်းတဲ့ icon ဘယ်မှာရှိပါ့မလဲ?
အပေါ်ယံ အတုအယောင်တွေကိုသာ ဦးစားပေးသော k-pop industry ကို လမ်းညွှန်ဦးဆောင်နေရသော megastar တစ်ယောက် အနေနဲ့ သူသည် နက်နဲပြီး စစ်မှန်သောအသံ၊ အာရှ၏အအောင်မြင်ဆုံးအနုပညာရှင်တစ်ဦးအဖြစ် သူအပေါ်မျှော်လင့်ထားသည့် မျှော်လင့်ချက်များနှင့် သူကြုံတွေ့ခဲ့ရသော internal struggles များကို မကြောက်မရွံ့ ပြတ်ပြတ်သားသားပြောပြခဲ့သည်။
SUGA သည် ၎င်း၏ 24 နှစ်တာသမိုင်းတစ်လျှောက် VOGUE JAPAN ၏မျက်နှာဖုံး cover တွင်တစ်ကိုယ်တော်ပါဝင်ခဲ့သည့်ပထမဆုံးအမျိုးသားလည်းဖြစ်သည်။
Valentino ၏ Fall/Winter 2023 Black Tie Collection ကို ၀တ်ဆင်ထားသည့် တောင်ကိုရီးယားအနုပညာရှင် Suga သည် gender ၊ ဖက်ရှင်နှင့် ဂီတအကြား ဆက်နွှယ်မှုများ တိုးမြင့်လာနေသည့် ကမ္ဘာ၏ အထင်ကရ icon တစ်ခုဖြစ်သည်။
ဂီတနှင့်ပတ်သက်လာလျှင် SUGA သည် စစ်မှန်သော multi-hyphenate စွယ်စုံရ တစ်ဦးဖြစ်သည်။
BTS အဖွဲ့ဝင်၊ ရက်ပ်ပါ၊ သီချင်းရေးဆရာ၊ ကမ္ဘာကျော်အနုပညာရှင်များစွာအတွက် producer ထုတ်လုပ်သူဖြစ်ပြီး၊ သူသည် Agust D ဟူသော Stage name နှင့် တစ်ကိုယ်တော် Solo ဖျော်ဖြေနေသူတစ်ဦးလည်း ဖြစ်ပါသည်။
သူ၏တစ်ကိုယ်တော် nickname သည် SUGA ကို နောက်ပြန်ရေးပြီး Dt သည် Daegu Town ၊ သူကြီးပြင်းခဲ့တဲ့ တောင်ကိုးရီးယားမှ မြို့နာမည်ကို ရည်ညွှန်းကာ ပေးထားခြင်းဖြစ်သည်၊။
VOGUE JAPAN နှင့် အမေးအဖြေကို ဇွန်လ 2 ရက်မှ 4 ရက်နေ့အထိ ပြုလုပ်ခဲ့သည့် ၎င်း၏ Japan Tour မတိုင်မီတွင် ပြုလုပ်ခဲ့သည်
၎င်း၏ Solo World Tour , တစ်ကိုယ်တော်အယ်လ်ဘမ် အသစ် ‘D-DAY’ အကြောင်းနှင့် အလုပ်အရမ်းများလာတဲ့ကြားထဲက စိတ်အားထက်သန်အောင် ဘယ်လိုနေထိုင်လဲဆိုတဲ့အကြောင်းများကို SUGA အား မေးမြန်းခဲ့သည်။
သူသည် နှစ်များတစ်လျှောက် ဂီတဖန်တီးခြင်းဆိုင်ရာ ချဉ်းကပ်ပုံ ပြောင်းလဲလာကြောင်းကိုလည်း ကိုယ်ပိုင်လက်ရေးဖြင့် ရေးထားသော မှတ်စုတွင် ဖြေကြားပေးခဲ့သည်။
၎င်းတွင် သူက– “အစကတော့ ကံကြမ္မာ fate လို့ထင်ခဲ့တယ်။ နောက်တော့ သီချင်းတွေရေးရင်းနဲ့ အလုပ်စလုပ်တုန်းကတော့ အဲဒါကို frenemy သူငယ်ချင်း -ရန်သူ လို့ ထင်ခဲ့တယ်။ အခုတော့ သီချင်းရေးရတာကို မိသားစု family လို့ထင်လာပါပြီ။ တသက်လုံးလက်တွဲသွားရမယ့် အရာတစ်ခုလိုပေါ့”