တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်နယ်မြေရဲစခန်းကို အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်ရင်းမြစ်များထံမှ သိရသည်။
ယနေ့ ဇူလိုင် ၁၃ ရက်နေ့ နံနက် ၄ နာရီခန့်တွင် လောင်းလုံးမြို့နယ်၊ မောင်းမကန် နယ်မြေရဲစခန်းကို အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ထိခိုက်မှု အခြေအနေ အသေးစိတ်ကို အတည် မပြုနိုင်သေးဘဲ ပစ်ခတ်မှုသည် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။
ယင်းပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ အကြမ်းဖက် စစ်တပ်ဘက်မှ လာရောက် စစ်ဆေးခြင်းမျိုး အပါအဝင် တစ်စုံတစ်ရာ လှုပ်ရှားမှုမျိုး မရှိသေးကြောင်း၊ လက်ရှိအချိန်တွင် မောင်းမကန်ရွာရှိ လမ်းများတွင် လူသွားလူလာများ တိတ်ဆိတ်နေပြီး ဒေသပြည်သူများ စိုးရိမ်ရှိနေကြကြောင်း၊ ဇွန်လ ၂၃ ရက်နေ့ကလည်း မောင်းမကန်ရဲစခန်းရှိ ရဲကားကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီး ဒုရဲအုပ်တစ်ဦးနှင့် ရဲတပ်ကြပ်ကြီးတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ထို့ပြင် ဇွန်လ ၂၃ ရက်နေ့နှင့် ၂၇ ရက်နေ့များတွင် မောင်းမကန် ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဒရုန်းနှင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရဿည်။