မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်စံပြကျေးရွာအုပ်စုရှိ အေးဘုရား ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု မယ်သီလရှင် ၁ ပါး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်က ၆၀ မမ လက်နက်ကြီး ၂ လုံးဖြင့် ပစ်ခတ်ခဲ့ရာ မုပ္ပလင်စံပြကျေးရွာအုပ်စုရှိ အေးဘုရားဘုန်းကြီးကျောင်းကို ကျရောက်ခဲ့ပြီး မယ်သီလရှင် ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“မုပ္ပလင် စစ်ဆေးရေးဂိတ်က စစ်ခွေးတွေက ပစ်တာ အေးဘုရား ဘုန်းကြီး ကျောင်း ထဲ သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ဘုန်းကြီးကျောင်း အဆောက်ဦးတွေ ထိခိုက်ပျက်စီးပြီး မယ်သီလရှင် ၁ ပါး ထိခိုက် ဒဏ်ရာရတယ်။ ဒဏ်ရာ ရရှိတဲ့ မယ်သီလရှင်ကို ညောင်ခါးရှည် ဆေးရုံပို့ဆောင်ထားတယ်လို့ သိရတယ်” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။