အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူလူထုရဲ့ လိုလားတောင့်တ ချက်နဲ့အညီ ချမှတ်ထားတဲ့ တော်လှန်ရေးပန်းတိုင်၊ အနာဂါတ်ဖက်ဒရယ်မျှော်ရည် ချက်နဲ့ စံနှုန်းတွေကို ခိုင်ခိုင်မာမာ စွဲကိုင်ရပ်တည်ပြီး အောင်ပွဲရတဲ့အထိ မမှိတ်မသုန်၊ မယိမ်းမယိုင် ဆက်လက် အားထုတ်ကြိုးပမ်းသွားမယ်လို့ ကတိပြု အသိပေးတယ်လို့ ထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ Don Pramudwinaiရဲ့ လတ်တလော မြန်မာနိုင်ငံခရီးစဉ်မှာ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရှိခဲ့တယ်လို့ အာဆီယံ နိုင်ငံ ခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုမှုတွေက အာဆီယံရဲ့မြန်မာ့အရေး အခြေခံဘုံသဘောတူညီချက်ငါးရပ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ အခန်းကဏ္ဍတို့ကို ကျော်လွန်စွက်ဖက် ရာရောက်တယ်လို့ ရှုမြင်လက်ခံတယ်လို့ ဆိုပါတယ်။
အဓိကအနေနဲ့ မတရားဖမ်းဆီး အကျဉ်းထောင်ထဲမှာ တစ်ဦးတည်းသီးသန့် ချုပ်နှောင်ခံထားရတာကြောင့် သတင်းအချက်အလက် မှန်ကန်ပြည့်စုံစွာ လက်ခံရရှိနိုင်တာ မရှိတဲ့
အပြင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခွင့်လည်း ဆုံးရှုံးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်သဘောထားတွေလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တဖက်သတ်ကိုယ်စားပြု ထင်ဟပ်ပြောဆိုမှုတွေက ယုံကြည်လက်ခံနိုင်ဖွယ်ရာ မရှိတဲ့ တရားဝင်မှုလုံးဝ မရှိတဲ့ပြောဆိုမှုတွေသာဖြစ်တယ်လို့ NUG ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
NUG အနေနဲ့ မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းမှု၊ တရားမျှတမှု၊ လွတ်လပ်မှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီ အနှစ်သာရတွေ ထွန်းကားစည်ပင်လာစေဖို့ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စိတ်စေတနာကောင်းနဲ့ ကြိုးပမ်းဆောင်ရွက်မှုမှန်သမျှကို ကြိုဆိုသော်လဲ တရားမဝင်အာဏာသိမ်း စစ်ကောင်စီကို အရာသွင်း ထိတွေ့ဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်တဲ့နည်းလမ်းနဲ့ ရလဒ်ကောင်းတွေ ဘယ်တော့ အခါမှ ရရှိလာလိမ့်မှာ မဟုတ်ကြောင်း အလေး အနက်အသိပေးလိုတယ်လို့ ဆိုပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အန္တိမရည်မှန်းချက်ပန်းတိုင်က မြန်မာနိုင်ငံမှာ နှစ်ပေါင်း(၇၀)ကျော်တိုင် အမြစ်တွယ်၊ ရှင်သန်၊ ဖိစီးနှိပ်စက်နေတဲ့ အာဏာရှင် စနစ်မှန်သမျှကို အပြီးတိုင်ဖယ်ရှားချုပ်ငြိမ်းစေပြီး အာဏာရှင်စနစ် အငွေ့အသက်၊ အကြွင်းအကျန် လုံးဝ ကင်းစင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်သစ်နဲ့ အစားထိုး ပြောင်းလဲဖို့ဖြစ်ပါတယ်။
အဲဒီရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်စွာရောက်ရှိနိုင်ရေးအတွက် ကိုယ်စားပြုမှု စုံလင်ကွဲပြားတဲ့ တော်လှန်ရေးအင်အားစုတွေ အဖွဲ့အစည်းတွေအကြား တန်းတူ ရည်တူဖြစ်မှု အခြေခံကို စုပေါင်းခေါင်းဆောင်မှု၊ စုပေါင်းတာဝန်ယူမှု၊ ခိုင်မာတဲ့ ကတိက ဝတ်ပြုမှုတွေနဲ့ တညီတညွတ်ထဲ လက်တွဲပူးပေါင်း ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ NUG က ထုတ်ပြန်ပါတယ်။