တနင်္သာရီတိုင်း၊ ထားဝယ်-ထီးခီးကားလမ်းပေါ်တွင် ယာဥ်များဖြတ်သန်းသွားလာခြင်းမပြုကြပါရန် ပြည်သူများကို ကော်သူးလေတပ်မတော် ကမေတ္တာရပ်ခံတဲ့ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။
ယနေ့ဇူလိုင် ၁၆ ရက်နေ့မှစတင်ပြီး လမ်းပြန်ဖွင့်ဖို့အတွက် အမိန့်စာမထုတ်ပြန်မချင်း အဆိုပါ ကားလမ်းကို ပြည်သူများ အသုံးပြုခြင်း မပြုကြပါရန် မေတ္တာရပ်ခံထားပါတယ်။
ပြည်သူများအနေဖြင့် ထုတ်ပြန်ချက်ကို လိုက်နာပေးခြင်းဖြင့် စစ်အာဏာရှင်တော်လှန်ရေးတွင် ပူးပေါင်းဆောင်ရွက်ပေးနိုင်ဖို့အတွက် KTLAထားဝယ်ခရိုင်တပ်ရင်း(၁)က ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ယနေ့မှစတင်ကာ KTLA တပ်ဖွဲ့ဝင်များကလမ်းကို ပိတ်ဆို့ စစ်ဆေးသွားမည်ဖြစ်ပြီး ထုတ်ပြန်ချက်များကို လိုက်နာမှုမရှိပါက ထိခိုက်မှုများအတွက် တာဝန်ယူမည်မဟုတ်ပဲ မသင်္ကာဖွယ်ရာအားလုံးကိုပစ်ခတ် ရှင်းလင်းသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်တွင် ပါရှိပါတယ်။
ကားလမ်းပေါ်တွင်လည်း မိဘပြည်သူများအနေဖြင့်မသင်္ကာဖွယ်ရာ လှုပ်ရှားမှုများတွေ့ရှိပါက နီးစပ်ရာတော်လှန်ရေးအဖွဲများထံသို သတင်းပေးပို့ ကူညီပူးပေါင်းပေးကြပါရန်အတွက် KTLA က အသိပေးထုတ်ပြန်ထားပါတယ်။