အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “မုချနိုင်ရမည်ဆိုတဲ့ သံမဏိစိတ်ဓာတ်နဲ့ ငါတို့အားလုံး ညီညွတ်စွာ
ဖက်ဆစ်စနစ်ဆိုးကို ဖျက်သိမ်းကြမယ်” ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။